Biography

Biography

sayardawပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာနေ အဘဦးသိန်းအောင် အမိဒေါ်ခင်မြတို့၏ သား၊သမီး (၇) ယောက်အနက် တတိယမြောက် သားရတနာဖြစ်ပါသည်။

ပြည်မြို  ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဌာနမှ ဦးခင်၀င်း ဒေါ်ခင်သန်းမြင့် တို့၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ သဲအင်းဂူ ရိပ်သာမှ ဘီလင်းဆရာတော် ဘုရားကြီးမှ ဥပစ္ဇျယ် ပြု၍ (၁၉၉၆)ခုနှစ် တပေါင်းလပြည့်နေ့တွင် ရဟန်းအဖြစ် ရရှိသည်။ (၂၀၁၂) တွင် သက်တော် (၆၁)၊ ဝါတော် (၁၇)ဝါ ရှိပြီး အထက်ဖော်ပြပါ ရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ ဝိပဿနာ တရားပြ သာသနာ ပြုလျက်ရှိသည်။

ရတနာအောင် ကျောင်းတော်

မကွေးတိုင်း အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)  သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ။

09-24-50011

 

This email address is being protected from spambots. You need JavaScript enabled to view it.